
(၂၅.၁၁.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်ရှိ မိုးဆက်ငှက်ပျော်ကြော်အလုပ်ရုံသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်မရောက်မီ ကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများကြောင့် ထိခိုက်နစ်နာမှုမရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရန် လုပ်ငန်းဆောင်ရွက်ရာတွင် သန့်ရှင်းသပ်ရပ်စွာဆောင်ရွက် ထားရှိစေရန်အတွက် မိုးဆက်ငှက်ပျောကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
