ပေါ်တူဂီနိုင်ငံ၏ စီးပွားရေး တတိယသုံးလပတ်တွင် ၂.၄ ရာခိုင်နှုန်း တိုးတက်

Powered by Drupal

        ပြည်တွင်းဝယ်လိုအား၏ အဓိကမောင်းနှင်ခဲ့ခြင်းကြောင့် ပေါ်တူဂီနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ်တွင် ၂.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာန (INE) က နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပါ သည်။

        ပြည်တွင်းဝယ်လိုအားသည် စီးပွားရေးတိုးတက်မှုအတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုဖြစ်ခဲ့သော်လည်း ဒုတိယသုံးလပတ်ထက် ပိုမိုနည်းပါးခဲ့ပါသည်။ INE ၏အဆိုအရ ပုဂ္ဂလိက စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပိုမိုအားကောင်းသောတိုးတက်မှုက ထောက်ကူပေးခဲ့ခြင်း ကြောင့် ပံ့ပိုးမှုသည် ၁.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါသည်။

         ပေါ်တူဂီအစိုးရသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အတည်ပြုခဲ့သော နိုင်ငံတော်ဘတ်ဂျက် ၌ ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းကို ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)