ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူအရောင်းသွက်

Powered by Drupal

        ပြည်ဈေးကွက်သို့  ရှမ်းပြည်နယ်(တောင်ပိုင်း)  အောင်ပန်းမှ   ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပတ်လျှင် ပိဿာ ၃၀ ဝင်ဆံ့သော အိတ် ၅၀-၁၀၀ အတွင်း အဝင်ရှိပြီး အရောင်းသွက်လျင် အမှာရှိသလောက် အဝင်ရှိကြောင်းနှင့် ကြူကုတ်မှာ ၁၃-၁၄ ပိဿာဝင်ဆံ့ပြီး တစ်ပတ်လျှင် အိတ် ၂၀၀ - ၃၀၀ခန့်  မန္တလေးဘက်မှ အဝင်ရှိကြောင်း သိရှိရသည်။ အောက်တိုဘာလထဲတွင် ကထိန်အလှူများရှိနေ သည့်အတွက် ပြည်မြို့နယ်အတွင်း ယခင်ထက် အရောင်းသွက်လျက်ရှိခဲ့ကာ  အခြားမြို့များမှလည်း ပုံမှန်ထက်ပို၍ အမှာများရှိခဲ့ကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်အတွင်း ကြက်သွန်ဖြူ(ကြူကုတ်) လက်ကား(ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀ - ၄၂၀၀ ၊ လက်လီဈေး ကျပ် ၄၃၀၀ - ၄၅၀၀၊ ရှမ်းစ လက်ကား (ပွဲရုံဈေး)  တစ်ပိဿာလျှင် ကျပ် ၃၂၀၀ - ၃၅၀၀ - ၃၈၀၀ - ၄၂၀၀၊ လက်လီဈေး ကျပ် ၄၀၀၀ - ၄၅၀၀ ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေရာမှ နိုဝင်ဘာပထမပတ်တွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)