ပဲတီစိမ်းအသစ်များ အရောင်းအဝယ်သွက်နေ

Powered by Drupal

      ပြည်ဈေးကွက်သို့ ဆောင်းပဲသစ်ဖြစ်သော ပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်မှစ၍ ဝင်ရောက်လာခဲ့ပြီး ယခုရက်တွင် ပဲအထွက်လှိုင်လာပြီဖြစ်၍ ပဲဝင်ရောက်မှုများလာခဲ့ပါသည်။ တစ်ရက်အိတ် ၄၀၀/၅၀၀ကျော် ပြည်အနီးတဝိုက်ဒေသများနှင့် မင်းတုန်း၊ ကံမဖက်မှလည်း ဝင်ရောက် လာခဲ့ကြောင်း သိရှိရပါသည်။ ပဲဈေးမှာတစ်တင်း ၄၆၀၀၀ကျပ်မှ ၄၇၀၀၀ကျပ်ထိ ပဲအရည်အသွေးပေါ် လိုက်၍ ဈေးကွာခြားမှုရှိခဲ့ကြောင်း သိရှိရပါသည်။  မန္တလေးလိုင်းသမားများ အဓိကထား ဝယ်ယူမှု ရှိသလို ရန်ကုန်ဝယ်လက်သမားအချို့လည်း ဝယ်ယူမှု့ရှိကြောင်း သိရှိရပါတယ်။ ယခင်နှစ်က ပဲတီစိမ်း သီးနှံ၏ ပဲအထွက်လှိုင်ချိန် ပေါက်ဈေးနှုန်းမှာ တစ်တင်း ၄၃၀၀၀ကျပ်အထိရရှိခဲ့၍ ယခုနှစ်တွင် ပဲတီစိမ်းဈေးမှာ ယခင်နှစ်ဈေးထက် ဈေးအနည်းငယ်ပိုရရှိခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)