
မလေးရှားနိုင်ငံသည် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးယှဉ်ပြိုင်နိုင်စွမ်းနှင့် ထောက်ပံ့ရေးကွင်းဆက်ခိုင်မာစေရေးတို့အတွက် အာရုံစိုက်ကာ ဂျိုဟာပြည်နယ်တွင် ဆိပ်ကမ်းသစ်တစ်ခု အဖြစ်အဆင့်မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က နိုဝင်ဘာ ၂၉ ရက်တွင် ပြောသည်။
အဆိုပါ ဆိပ်ကမ်းသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပြီးအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၅၀၀၀ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားသည်။
ထို့ပြင် စက်မှုလုပ်ငန်းများကို ဆွဲဆောင်ကာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပါဝင်နိုင်ရန် တံခါးဖွင့်ထားသည်ဟု မဟာရာနီ လွတ်လပ်သော ဆိပ်ကမ်းစတင်သည့်အခမ်းအနားတွင် ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ သည်။
မလက္ကာရေလက်ကြားတစ်လျှောက် ဆိပ်ကမ်း၏ မဟာဗျူကျသည့် အနေအထားကြောင့် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒေသဆိုင်ရာ ကုန်သွယ်မှုအတွက် ဗဟိုအချက် အချာကျပြီး အင်ဒို-ပစိဖိတ် ဒေသ၏စီးပွားရေးကို အရှေ့အလယ်ပိုင်း၊ ဥရောပဈေးကွက်တို့ နှင့် ချိတ် ဆက်ပေးနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မဟာရာနီ အင်နာဂျီဂိတ်ဝေးမှ အဆင့်မြှင့်တင်ဆောင်ရွက်ထားသော အဆိုပါဆိပ်ကမ်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၈ ဘီလီယံ ဆွဲဆောင်နိုင် မည်ဟု ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ပါဝင်သည်။ မဟာရာနီ လွတ်လပ်သော ဆိပ်ကမ်းစီမံကိန်းတွင် ဟတ်တာ ၁၂၉၅ ကျယ်ဝန်းသည့် မြေပါဝင်ပြီး လူလုပ်ကျွန်းသုံးခု ပါဝင်သည်။
အဆိုပါကျွန်းများတွင် အဓိကအစိတ်အပိုင်း လေးခုပါဝင်ပြီး မဟာရာနီစွမ်းအင်ဗဟိုချက်၊ မဟာရာနီ ရေနက်ဆိပ်ကမ်း၊ မဟာရာနီ လွတ်လပ်သောဆိပ်ကမ်း စက်မှုဇုန်နှင့် မဟာရာနီ လွတ်လပ်သော ဆိပ်ကမ်းဘဏ္ဍာရေးဗဟိုချက်တို့ ဖြစ်သည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
