စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ သွင်းအားစုနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ် တင်ပြလျှက်ရှိပါ သည်။
ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ် မိုးသီးနှံတွင် မိုးစပါးကို အဓိကစိုက်ပျိုးကြပြီး ယခုအချိန်တွင် မိုးစပါးများအောင်မြင်ဖြစ်ထွန်းရန်အတွက် လိုအပ်သော ဓါတ်မြေဩဇာများကို (၃)ကြိမ်ထက်မနည်း ကြဲပက်ပြီးဖြစ်၍ စပါးနှံများထွက်နေပြီဖြစ်သည့်အပြင် အခြားသီးနှံများစိုက်ပျိုးဆဲကာလဖြစ်ပြီး အခြားသီးနှံသည် စပါးစိုက်ပျိုးသကဲ့သို့ ဓါတ်မြေဩဇာအသုံးပြုရခြင်းမရှိသည့်အတွက် ရွှေဘိုမြို့ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အောက်တိုဘာလ တတိယပတ်မှစ၍ နိုဝင်ဘာလဒုတိယပတ်ထိ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်ဈေးအတိုင်းသာ ရောင်းချလျက်ရှိပါသည်။ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၅၀၀၀ဝိ/-)၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၂၀၀ဝိ/-)၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၇၇၀၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၁၀၀၀ဝိ/-)၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၀၂၀၀ဝိ/-)ဖြင့် အောက်တိုဘာလ တတိယပတ်မှစ၍ နိုဝင်ဘာလဒုတိယပတ်ထိ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေကြောင်းနှင့် အရောင်းအဝယ်အနေဖြင့် ယခင်ထက် အနည်းငယ်အေးကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)