ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကိုသိရှိပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် ထိန်းကျောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ    နိုဝင်ဘာလ(၁၁)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝက်လက် မြို့နယ်တာဝန်ခံသည် ဝက်လက်မြို့နယ်၊  ရွာဿာကြီးကျေးရွာရှိ ငွေယမင်းဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူပြည်သူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသိရှိနိုင်စေရန်အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ နစ်နာဆုံးရှုံးမှုစသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူများအားလုံး စားသုံးသူအခွင့်အရေးများကို သိရှိနိုင်စေရန် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများ၊  စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  ဌာနနှင့်ပတ်သက်သော သတင်းအချက်အလက် များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံး မှုများကြုံရပါက ဌာနသို့အလွယ်တကူတိုင်ကြားနိုင်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို စုံစမ်းနိုင်ရန်ရည်ရွယ်၍ ဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Centerနံပါတ် ၁၅၃၅သို့ ရုံးဖွင့်ရက်ရုံးချိန် အတွင်းမည်သည့် Operator Ph No. ကဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)