ကောလင်းခရိုင်၊ ကောလင်းမြို့မှ မန္တလေးဆန်ပွဲရုံများသို့ ဆန်တင်ပို့မှု နေ့စဉ် ၁၀ တန်ကျော် ရှိနေကြောင်းနှင့် တင်ပို့သော ဆန်များမှာ ကောက်သစ်ဆန်များဖြစ်ပြီး ဆင်းဧကရီ-၃ နှင့် မှော်ဘီများ ဖြစ်ကြောင်း သိရသည်။
ကောလင်းခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧက (၁၉၉၈၅၁)ဧကရှိပြီး ဆင်းဧကရီ-၃ (ခေါ်) ဆန်း-၃ စပါး၊ မှော်ဘီ၊ ဧရာမင်း ကောက်ညှင်း၊ လုံးသွယ်မွှေး စသည့်စပါးမျိုးများ စိုက်ပျိုးကြ သည်။ စပါးစိုက်ပျိုးချိန်မှ ရိတ်သိမ်းသည်အထိ ရာသီဥတု ညီညွတ်မျှတသည့်အတွက် စပါးအထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။ ကောက်သစ်ပေါ်ချိန် အစောပေါ်သည့် ဆင်း-၃ နှင့် မှော်ဘီများ ရိတ်သိမ်းလျက်ရှိကြပြီး မန္တလေးဈေးကွက်တွင် ဈေးကောင်းရသည့်အတွက် နေ့စဉ် အိတ် ၂၀၀၀ ကျော် တင်ပို့မှုရှိနေကြောင်း သိရသည်။ လက်ရှိ ဒေသတွင်း ဆန်စပါးဈေးနှုန်းများမှာ ဧရာမင်းစပါး (အဟောင်း) တင်းတစ်ရာ ၁၁၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၅၅၀၀၀ ကျပ်၊ ဆင်း-၃ စပါး(အသစ်) တင်းတစ်ရာ ၈၃၀၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၃၆၀၀၀ ကျပ်၊ မှော်ဘီစပါး (အသစ်) တင်းတစ်ရာ ၉၀၀၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၄၂၀၀၀ ကျပ်ဖြစ်ပါကြောင်း ကောလင်းမြို့ ဝင်းမေတ္တာဆန်စက် လုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)