ကရင်ပြည်နယ်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် နှင့် MSME လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က ကြီးမှူးပြီး ကရင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားမိတ်ဘက်ဌာနများ ပူးပေါင်း၍ (၁၇-၁၁-၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၆:၀၀)နာရီထိ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ MSMEs လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်းနှင့် အဆိုပါ အခမ်းအနားတွင် ဌာနဆိုင်ရာမှ အင်အား (၂၀)ဦး၊ ပုဂ္ဂလိက MSME လုပ်ငန်းရှင်များ အင်အား (၁၀၀)ဦး၊ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)