တောင်ငူမြို့ အခြေခံစားသောက်ကုန်နှင့် သစ်သီးဝလံ ဟင်းသီးဟင်းရွက်ဈေးနှုန်း

Powered by Drupal

            တောင်ငူမြို့ရှိပွဲရုံများ၌ နိုဝင်ဘာဒုတိယပတ်တွင် ကြက်သွန်ဖြူအသေးတစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၅၀၀ ကျပ်၊ အကြီး ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊  ကြက်သွန်နီအသေးတစ်ပိဿာလျှင် ၃၇၀၀ ကျပ်၊ အလတ် ၄၃၀၀ ကျပ်နှင့် အကြီး ၄၈၀၀ ကျပ်၊ အာလူးအသေး တစ်ပိဿာလျှင် ၂၂၀၀ ကျပ်၊ အလတ် ၂၅၀၀ ကျပ်နှင့် အကြီး ၂၈၀၀ ကျပ်၊ ငရုတ်ခြောက်အရှည်တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ အပုတစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်နှင့် အပွတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်မှ ၂၆၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၅၀၀ ကျပ် ဈေးအသီးသီးရှိပါသည်။

             တောင်ငူမြို့သို့ ရှမ်းပြည်နယ်မှဝင်ရောက်လာသောလိမ္မော်သီးများမှာ အသေးတစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိ၊ အလတ်တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၆၀၀ ကျပ်အထိနှင့် အကြီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိ ဈေးကောင်းရရှိနေပါကြောင်း သိရှိရပါသည်။ ဟင်းချက်ရာနှင့်အသုပ်မျိုးစုံသုပ်ရာတွင် ထည့်လေ့ရှိသောနံနံပင်မှာ ယခင်လများက တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိသာ ဈေးရှိသော်လည်း ယခုလတွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိ ဈေးနှုန်းအဆမတန်မြင့်တက်ပြီး အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရှိိရပါသည်။

DOCA(ပဲခူး)