အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

           အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၉.၁၁.၂၀၂၂)ရက်နေ့မှ ယခုအပတ် (၁၅.၁၁.၂၀၂၂)ရက်နေ့အတွင်း (၄၅)ပိဿာဝင်(၁)အိတ်လျှင် နှမ်းနီမှာ ကျပ်(၂၃၀၀၀၀)တို့ဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ   နှမ်းနက်(စမုံ) ယခင်အပတ် ကျပ်(၂၆၅၀၀၀)ယခုအပတ် ကျပ်(၂၆၀၀၀၀) ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့် ၊ နှမ်းဖြူ ယခင်အပတ် ကျပ်(၂၅၀၀၀၀)ယခုအပတ် ကျပ်(၂၄၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့်၊ နှမ်းပြာယခင်အပတ် ကျပ်(၂၂၅၀၀၀) ယခုအပတ်ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့်ပြီး အရောင်းအဝယ်ပမဏ အနေဖြင့်  နှမ်းနက် (စမုံ) (၉၀၀)အိတ်၊ နှမ်းပြာ(၄၈၀) အိတ်၊ နှမ်းဖြူ(၁၂၀)အိတ်၊ နှမ်းနီ (၁၃၅)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရပါသည်။

    ပဲမျိုးစုံဈေးကွက်အနေဖြင့် (၂၀)ပိဿာဝင် (၁)တင်းလျှင် ကုလားပဲ (HL)နှင့် ကုလားပဲ(မြကြေး)မှာ ယခင်အပတ် ကျပ်(၆၃၀၀၀) ယခုအပတ် ကျပ်(၆၃၀၀၀)၊ ပဲကြီး ယခင်အပတ်ကျပ် (၇၅၀၀၀) ယခုအပတ် ကျပ်(၇၅၀၀၀)ဖြစ်၍ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်းသိရပါသည်။ ပဲတီစိမ်းမှာ ယခင်အပတ် ကျပ်(၅၀၀၀၀) ယခုအပတ် ကျပ်(၄၉၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးနိမ့်၊ ပဲစဉ်းငုံ(နီ) ယခင်အပတ် ကျပ်(၅၈၅၀၀) ယခုအပတ် ကျပ်(၅၈၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးနိမ့်၊ မတ်ပဲ ယခင်အပတ် ကျပ်(၆၀၀၀၀) ယခုအပတ်ကျပ်(၅၈၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးနိမ့်ခဲ့သော်လည်း ဘိုကိတ်ပြာမှာ ယခင်အပတ်ကျပ် (၃၉၀၀၀)၊ ယခုအပတ် ကျပ်(၄၁၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ပြီး အရောင်း အဝယ်ပမာဏအနေဖြင့် ပဲတီစိမ်းမှာ (၃၀)ပိဿာဝင် (၃၈၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၁၁၅၀)အိတ်၊ မတ်ပဲ(၁၀၀) အိတ်၊ ကုလားပဲ(HL)(၁၃၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၉၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၈၀) အိတ်၊ ပဲကြီး (၇၀၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်းသိရပါသည်။

        မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာလျှင် ယခင်အပတ် ကျပ် (၅၄၀၀) ယခုအပတ် ကျပ်(၅၂၅၀)ဖြစ်၍ ကျပ်(၁၅၀) ဈေးနိမ့်ပြီး မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ကျပ် (၅၃၅၀) ယခုအပတ် ကျပ်(၅၄၀၀)ဖြစ်၍ ကျပ်(၅၀) ဈေးမြင့် ၊ မြေပဲတောင့်အစို တစ်တင်းလျှင် ယခင်အပတ် ကျပ်(၂၂၀၀၀) ယခုအပတ် ကျပ်(၂၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးနိမ့်ပြီး၊ မြေပဲလုံးဆံ(နီ)(၃၀)ပိဿာဝင် (၁၇၀၀)အိတ် ၊ မြေပဲလုံးဆံ(ဖြူ) (၁၅၀၀) အိတ် ၊မြေပဲတောင့်အစို တင်း(၄၆၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရပါသည်။

          ဝါသီးနှံအနေဖြင့်လည်း ယခင်အပတ် တစ်ပိဿာလျှင် ကျပ်(၂၄၅၀)ယခုအပတ် ကျပ်(၂၆၅၀) ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ကာ ဝါပိဿာချိန် (၃၅၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)