စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ (၁၄.၁၁.၂၀၂၂)ရက်နေ့ ‌နေ့လည် (၁၃:၃၀) အချိန်တွင် ထန်းပင်ကုန်းကျေးရွာအုပ်စုရှိ အ-မ-က(မူလွန်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ (၁၂၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါ သည်။

         ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်း ခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများ အကြောင်း၊ အခန်း(၁၈)ပါကုန် အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်များကို ကျောင်းသား၊ ကျောင်းသူများနှင့်အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း၊ ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသော မုန့်ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း မိမိတို့ရောင်းချ နေသော အသင့်စားမုန့်များအား စားသုံးသူတို့အတွက် ဘေးအန္တရာယ်မဖြစ်စေရေးကို ဦးစားပေးသင့်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ စာအုပ်နှင့်လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်းသိရှိရပါ သည်။

DOCA(ဧရာဝတီ)