ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့်ဟင်းသီးဟင်းရွက်အရောင်းဆိုင်များအား (၁၄.၁၁.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံး သူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသပ်တပ်ဖွဲ့၊ ဆေးဝါးကွက်ကဲရေးဦးစီးဌာန FDA တို့နှင့်ပူးပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့်ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိခြင်း၊ စားသောက်ကုန်စည်ဖြစ်သော ပဲပြား၊ မုန့်ဟင်းခါးအဖက်၊ ပဲသွေးများတွင် တာရှည်ခံ ဓာတုဆေးဝါးများ၊ ဖော်မလင်သုံးစွဲထားမှုရှိ/မရှိခြင်းတို့ကို နမူနာကောက်ယူစစ်ဆေးခြင်းများ နှင့် ကုန်အညွှန်းအမှတ် အသားများဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည် ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ညွှန်ကြား ချက်များအားလိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်းအသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင် (၈)ဆိုင်အားစစ်ဆေး ခဲ့ကြောင်းသိရှိ ရပါသည်။

DOCA(ဧရာဝတီ)