“ ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပါ ပြည်တွင်းထုတ်စားသုံးဆီများရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရပ်ကွက်များနှင့် စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ရောနှောဆီအပါအဝင်အမှတ်တံဆိပ်ပါ ပြည်တွင်းထုတ်စားသုံးဆီများ ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စားသုံးဆီအမျိုးမျိုး(ဗူးဆီ)တို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားအုန်းဆီ(ဗူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ စားသုံးဆီအများစုသည် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြစေရန် ရည်ရွယ်၍ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ရာနှုန်းပြည့် လိုက်နာဆောင်ရွက်မှု အားနည်းနေသေးသည့်အတွက် ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုမရှိသော စားသုံးဆီများ ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)