ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးဆိုင်ရာ MSMEs လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

Powered by Drupal

          ကရင်ပြည်နယ်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် နှင့် MSME လုပ်ငန်းရှင်များ၏ အခက်အခဲများကိုကူညီဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က ကြီးမှူးပြီး ကရင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန နှင့် အခြားမိတ်ဘက်ဌာနများ ပူးပေါင်း၍ (၁၇-၁၁-၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၇:၀၀)နာရီထိ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ MSMEs လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာမှ အင်အား (၂၁)ဦး၊ ပုဂ္ဂလိက MSME လုပ်ငန်းရှင်များ အင်အား (၅၉)ဦး၊ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး NEI မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆုက MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေ့အကျင့်ကောင်းများရရှိစေရေးမျှဝေပေးခြင်း၊မွန်ပြည်နယ် ကုန်စည်ဒိုင် အသင်းနှင့် ပဲနှမ်းအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ကုန်စည်ဒိုင်များဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ SKY ASIA Co.,Ltd  မှ GM ဒေါ်မိုမိုချိုဝင်းက တောင်ကိုရီးယားနိုင်ငံ၏ SMEs လုပ်ငန်းများအကြောင်း ကိုလည်း ကောင်း၊ မြဝတီကုန်သွယ်ရေးဇုန်၊ညွှန်ကြားရေးမှူးဦးလန်းဆန်းဦးကနယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက် သောကိစ္စရပ်များအားလည်းကောင်း၊ ရိုးမဘဏ်မန်နေဂျာမှ SMEs ချေးငွေဆိုင်ရာနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေက စိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများအား လည်းကောင်း၊ စက်မှုဇုန်ဒေသဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ကရင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်မှ စက်မှုဇုန်ဒေသဆိုင်ရာအချက်အလက်များအား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ လုပ်ငန်းရှင်များမှ သိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး ဆွေးနွေးပွဲကို ညနေ (၁၇:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)