စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ရေးဥပဒေတစ်ရပ်ပြဌာန်းခဲ့သည်။ စားသုံးသူပြည်သူများ အသက်ရှည်စေ၊ ဘေးကင်းစေ လို၊ စားသောက်ကြမည့်စားသောက်ကုန်စည်များမှာ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် သိသာ ထင်ရှား အရွယ်အစား ကုန်အညွှန်းအမှတ်အသားကို တိတိကျကျ ဖော်ပြစေရန် စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်များလည်း တိုးတက်လာခဲ့ပါသည်။ စားသုံးသူ ရေးရာ ဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းများမှ ကုန်စည်များ ထုတ်လုပ်နေသော စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ စားသောက်သုံးစွဲကြမည့် ကုန်စည်များမှာ သိရှိစေသည့် ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် စားသုံးသူ အသိပညာပေး ဗဟုသုတနည်းပညာနှင့် လမ်းညွှန်မှုတို့ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါသည်။
အကြောင်းမူကား စားသုံးသူအရေး ဒို့အရေးကဏ္ဍတစ်ခုသဖွယ် စားသုံးသူအခွင့်အရေး ဦးစားပေးရမှာဖြစ်ပါသည်။ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ် ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း၊ ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုပါ သည်။ ကုန်စည်ကိုဝယ်ယူစဉ်က စားသုံးသူအတွေးဆုံးဖြတ်ချက်၊ စားစဉ်မှာလည်း စားသုံးသူ အပြုမှန်ကန်မှု၊ ကျေနပ်ဖွယ်ရှိစဉ်ကလည်း စားသုံးသူ၏ အခွင့်အရေးလို့ သိမှတ်စရာဖြစ်ပါသည်။ စားသုံးသူက ကုန်စည်တစ်ခု၏ ကုန်အညွှန်းအမှတ်အသားကို သိမှတ်စရာလည်းအရေးကြီး လှပါသည်။ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှု အပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖြစ်စေဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့်အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုခြင်းဖြစ်ပါသည်။ သို့အတွက် ကုန်စည်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို မဖြစ်မနေပြု လုပ်ရပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ မှာ- (က) ကုန်စည်၏တံဆိပ်အမှတ်အသား၊ (ခ) ကုန်စည်၏အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ (မြန်မာ၂ဘာသာနှင့်ဖော်ပြရမည်)၊ (ဂ)ထုတ် လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထု်ပလုပ်မှု အမှတ်စဉ်၊ (ဃ)ပြည်တွင်းသို့ တင်သွင်းလာသည့်ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ (င)ထုတ်လုပ်သည့် နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များတင်သွင်းပြီး ပြန်လည်ထုတ်ပိုးသည့်နေရာ၊ (စ)ကုန်စည်တွင်ပါဝင်သောကုန်ကြမ်း ပစ္စည်းအမျိုးအမည်များနှင့်ပစ္စည်းများ၏ ပမာဏပါဝင်မှုအချိုးအစား၊ (ဆ)ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မထည့်ကြောင်း ဖော်ပြချက်နှင့်ကြိုတင် သတိပေးချက် (မြန်မာဘာသာနှင့်ဖော်ပြရမည်)၊ (ဇ) သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထား သော အချက်အလက်များတို့ကို မည့်သည့်စီးပွားရေးလု်ငန်းရှင်မဆို ကုန်စည်တွင် ဖော်ပြရပါ သည်။ အထူးသတိပြုချက်တစ်ရပ်ပါ ကုန်အညွှန်းအမှတ်အသားဖောပြရာတွင် ပုဒ်မခွဲ(ခ)နှင့်(ဆ) အား မြန်မာဘာသာဖြင့်ဖြစ်စေ သို့မဟုတ် မြန်မာနှင့်အခြားဘာသာတစ်ခုခုဖြစ်စေ၊ တစ်ခုထက် ဖြစ်စေ တွဲလျက်ဖော်ပြရမည်ဖြစ်ပါသည်။
ထိုသို့ ကုန်စည်ပေါ်၌ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှု စားသောက်ကုန်စည်ပေါ် သိသာထင်ရှားရသော ကုန်အညွှန်းအမှတ်သားသည် မှတ်လွယ် ကြည့်လွယ်မှ အရေးကြီးလှပါသော ကိုယ်စိတ်လုံခြုံမှုပေးသော သင်္ကေတအမှတ်အသားဖြစ်ပေမည်။ စားသုံးသူများအနေဖြင့် (ကုန်အညွှန်းအမှတ်အသားပြည့်စုံမှစိတ်ချယုံကြည်စားသုံးကြစို့) မှတ်ယူလိုက်ပါ။ ကုန်အညွှန်း အမှတ်အသားဖြင့်ဆက်စပ်၍ စားသုံးသူက သိရှိရမည့်အခွင့်အရေးလည်းရှိပါသည်။ ယင်းစားသုံးသူ အခွင့်အရေး(၈)ချက်မှာ-(၁)အခြေခံလိုအပ်ချက်များအပေါ်မှာ စိတ်ကျေနပ်မှုရရှိစေခြင်း၊ (၂) ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ (၃)လိုအပ်သောသတင်းအချက်အလက်များပြည့်စုံ မှန်ကန် စွာသိရှိခွင့်နှင့်ပြေစာ၊ အထောက်အထားရယူခွင့်ရှိခြင်း၊ (၄)စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင် ခွင့်ရှိခြင်း၊ (၅)နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်ခြင်း၊ (၆)နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ကုစားခွင့်ရရှိခြင်း၊ (၇)အသိပညာဗဟုသုတများ၊ အခွင့်အရေး များနှင့်လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ (၈)ပစ္စုပွန်သာမကအနာဂတ် မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသောလူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင် တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်းစသည့်အခွင့်အရေးများတို့ဖြစ်ပါသည်။
ထို့နောက် နေထိုင်သည့်ပတ်ဝန်းကျင်တွင် အလွယ်တကူဝယ်ယူ၍ သုံးစွဲရသည့်ကုန်စည် များထဲမှ စားသုံးသူကိုယ်တိုင်လည်း စနစ်တကျ လိုက်နာရမည့် သုံးစွဲရမည့်ကုန်ပစ္စည်းများ ရှိပါသေးသည်။ ထိုအရာက ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးလာသည့် ကုန်စည်အမျိုးအစားခွဲခြား သိရှိရေး၊ ပြည်တွင်းထုတ်ကုန်နှင့်ပြည်ပထုတ်ကုန်များ၊ အလှကုန်များ၊ ရယ်ဒီမိတ်အစားအစာများ၊ စားသောက်ကုန်များ၊ ဆေးဝါးအတုများ၊ စပ်ဆေးများ၊ ဓါတုဗေဒဆိုးဆေးများ၊ တာရှည်ခံဆေးများ၊ ပိုးသတ်ဆေးများ ရောနှောထုပ်ပိုးသည့် ကုန်ပစ္စည်းများ၊ ဖော်ပြထားသည့်အချက်အလက်များ မပြည့်စုံသည့်ပစ္စည်းများ၊ စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေမည့် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲစသည့်တို့ကို အထူးသတိပြုမှ စားသုံးသူပြည်သူများမှာ ကုန်စည်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းခြင်းစေမှာ ဖြစ်ပါသည်။
စားသုံးသူအတွက် ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေးစားသုံးသူကာကွယ်ရေးဆောင်ရွက် ရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းထဲမှ အမှတ်တရတစ်ခုပြောပြချင်ပါသေးသည်။ အဲဒါက ဈေးကွက်စစ်ဆေးခြင်းလုပ်ငန်းဖြစ်ပါသည်။ လုပ်ငန်းသဘောအရ မှတ်တမ်းဓါတ်ပုံ ရိုက်ရင်ပဲ တချို့စီးပွားရေးလုပ်ငန်းဆိုင်ပိုင်ရှင်တွေက စီးပွားရေးလုပ်နေတာကို နှောက်မယှက်ပါနဲ့ မဟုတ် တရုတ်မလုပ်ပါနဲ့ဆိုတဲ့စကားသံတွေ၊ မျက်နှာအမူအယာမလှ၊ ဆက်ဆံပုံမပြေပြစ် အထွေထွေ လည်းရှိခဲ့ဖူး ကြုံခဲ့ဖူးပါသည်။ ဆက်စပ်ဌာနဖြင့်လည်း ပူးပေါင်း၍ဈေးကွက်စောင့်ကြည့်ရတဲ့ တစ်ခုမှာပေါ့ ဆက်စပ်ဌာနတို့ဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အဖွဲ့စုံပါသည်။ ဈေးကွက် စောင့်ကြည့်ရာ မှာ အမှတ်တရတစ်ခုကတော့ ဈေးအတွင်းဆိုင်များစစ်ဆေးရာမှ ဆိုင်တစ်ဆိုင်မှာ ဒညှင်းသီး အိုးစိမ်ပြုလုပ်ပြီး ဗူးတွေနှင့်ထည့်ထားပြီး ရောင်းချနေတာ၊ ဗူးတွေက တစ်ဆိုင်လုံးအပြည့်ပါ၊ စားဆီပုံး ၅ ပိဿာဝင်ပုံးတွေနဲ့ ဗူးအရေအတွက် (၈၀)ပုံးလောက်ရှိပါသည်။
ကုန်အညွှန်းအမှတ်အသားတော့မပါပေမယ့် စားသုံးသူများ တိုက်ရိုက်စားသောက်ရမည့် စားသောက်ကုန်တစ်ခုပါ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒညှင်းသီးအိုးစိမ်ပြု လုပ်ထားခြင်းမှ ဗူးတစ်ခုကို နမူနာယူဓါတ်ခွဲစစ်ဆေးတော့ တာရှည်ခံဆေးထည့်ထားသည်ကို တွေ့ရှိရပါသည်။ သို့ပေမယ့် သေချာတိကျအဖြေကို ထပ်မံလု်ပပေးမည့် ယင်းထဲမှ စိတ်ကြိုက်၁၀ပုံးထုတ်ပေးပါ၊ ပြန်စစ်လို့တွေ့ရင်တော့ အစားအသောက်ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက် မည်လို့သဘောတူရယူပြီး (၁၀)ပုံးလုံးကို အဖွဲ့စုံ၊ လူစုံအရှေ့မှာစစ်ဆေးသည်၊ စစ်ဆေးတော့လည်း တာရှည်ခံဆေးပါဝင်နေသည်ကို တွေ့ရှိရပါသည်။ ဆက်စပ်ဌာနအဖွဲ့ဝင်အားလုံး၏ ဆုံးဖြတ်ချက် ချမှတ်၍ သိမ်းဆည်းခြင်းနှင့် မြေမြှုပ်ခြင်း စီမံဆောင်ရွက်ခဲ့ကြပါသည်။
သို့အတွက် စားသုံးသူများ ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ကင်းရှင်း စေရန် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများအကျိုးစီးပွားကာကွယ်ရေး၊ အသိပညာဗဟု သုတရရှိမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေ၏ရည်ရွယ်ချက်များမှ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်၊ စားသုံးသူ ကာကွယ်ရေးနှင့်စပ်လျည်း၍ တိကျမှန်ကန်ရှင်လင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေ အသိပေးခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(မွန်)