ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် (၁၆.၁၁.၂၀၂၂)ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ဒေးဒရဲမြို့၊ ရုံးကြီးကွက်သစ်(၆) လမ်းဈေးရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်စည်များကို ဘေးအန္တရာယ်မရှိစေရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆိုင်ပိုင်ရှင်များအား မြန်မာဘာသာဖြင့်ဖော်ပြထားမှုမရှိ သောကုန်စည်များရောင်းချခြင်းမပြုရန် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)