“စားသုံးသူအခွင့်အရေး ဦးစားပေး” သိရှိစေဖို့ အသိပညာပေး ဟောပြောစို့

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူ မြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၆.၁၁.၂၀၂၂၀) ရက်နေ့ နံနက် (၀၉:၄၅) နာရီအချိန်တွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက် ခန်းမတွင် ကျောင်းသား/ ကျောင်းသူများအား စာဖတ်စေခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူ(၅)ဦးအား အိမ်တွင်းသက်မွေးမှုလုပ်ငန်းများ၊ လူငယ်များ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနကလည်း စားသုံးသူကာကွယ်ရေးသိကောင်းစရာအကြောင်းများ၊ ဈေးကွက်ရောက် ကုန်စည်များကို လူငယ်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သော ကုန်စည်ကို သာ ရွေးချယ်ဝယ်ယူတက်စေရန် သိရှိထားသင့်သော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၏ အချက်အလက်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးကို သိရှိရန်အချက်များအကြောင်း၊ အခွင့်အရေးသိရှိသလို လိုက်နာရမည် တာဝန်များရှိသောကြောင့် လိုက်နာတက်စေရန်နှင့် စားသုံးသူအခွင့်အရေး နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)