
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၁၇.၁၂.၂၀၂၅ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဆေးဆိုင်များနှင့် ဆေးကုမ္ပဏီများရှိ ဆေးဝါးများ၏ ဈေးနှုန်းတက်/ ကျအခြေအနေအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော လူသုံးများသည့် ဆေးဝါးများနှင့် ရောင်းချနေသောဆေးဝါးများ၏ ဈေးနှုန်းများအတက်အကျ ရှိ/ မရှိ၊ ယခင် လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်းကွာခြားမှုရှိ/ မရှိ၊ ဈေးကွက်များအတွင်းဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆေးဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်မရှိဘဲ FDA မှ တားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိ ပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
