
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ ဈေးနှုန်းအခြေအနေစာရင်းကောက်ယူခြင်းအား ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူရာတွင် မြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသော ချမ်းသာပါစေမုန့်ဆိုင်၊ ရွှေငါးမုန့်ဆိုင်၊ ကြက်တံဆိပ်မုန့်ဆိုင်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချသော မစန္ဒာ(အလှကုန်ဆိုင်)၊ မမေသူ(အလှကုန်ဆိုင်)၊ မမြမြ (အလှကုန်ဆိုင်)နှင့် အချိုရည်အမျိုးမျိုးရောင်းချသော ဦးဝင်းအောင်ကျော်ဆိုင်နှင့် ဦးငွေလှိုင်ဌေးဆိုင်များတွင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၏ ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းများ ကွာခြားမှုရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
