
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေး Talk Show ကို ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုအသိပညာပေး Talk Show တွင် ခရမ်းမြို့နယ်တာဝန်ခံက အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်၊ စားသုံးသူများသည် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းကြောင့် ကြုံတွေ့နေရသည့် လိမ်လည်မှုပုံစံများအကြောင်းအား ရှင်းလင်းခြင်း၊ အွန်လိုင်းမှတဆင့် ဈေးဝယ်ယူမည်ဆိုပါက စားသုံးသူများအနေဖြင့် ဈေးဝယ်ယူခြင်းမပြုမီစိစစ်သင့်သည့်အချက်များနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးရလဒ်များအား ရှင်းလင်းအသိပညာပေးခြင်းနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သောနည်းလမ်းများရှိသည့်အနက်မှ အလွယ်တကူတိုင်ကြားနိုင်သော Consumer Call Center Hotline No.1535သို့ မည်သည့်ဖုန်းနံပါတ်ဖြင့်မဆို ရုံးချိန်အတွင်းဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများက တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းတိုကို သတင်းစကားပါး၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
