စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်ကြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ပြည်ပဆန်တင်ပို့မှုကြည့်ရှု

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးညွန့်အောင်နှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို တို့သည် နို၀င်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ပုသိမ်စက်မှုမြို့တော် အစည်းအဝေးခန်းမတွင် ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည် ဆန်တင်ပို့သည့် ကုမ္ပဏီ၊ Exporter များနှင့်တွေ့ဆုံ၍ လက်ရှိပြည်ပဆန်တင်ပို့မှုစျေးကွက်အခြေအနေ လုပ်ငန်းရှင်များ၏ အခက်အခဲများကို နိုင်ငံတော်မှ ဖြေရှင်းပေးရမည့်အပိုင်းများ၊ ပုသိမ်ဆိပ်ကမ်းမှ  ပြည်ပတင်ပို့ရန်လျာထားဆောင်ရွက်မှု ပြည်ပပို့ကုန် ကိစ္စရပ်များ၊ ရန်ကုန်မှပြည်ပတင်ပို့မှုနှင့် ဧရာ၀တီမှတိုက်ရိုက်တင်ပို့ရာတွင် အားသာချက်များနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ တင်ပြချက်များအပေါ် ဖြေရှင်းပေးမည့်ကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်းမှ စတုတ္ထအကြိမ် ပြည်ပသို့တင်ပို့မည့် MV MCl-18 သင်္ဘောဖြင့် ပြည်ပဆန်တင်ပို့မှုအား သွားရောက်ကြည့်ရှုခဲ့ပါသည်။

       ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ MV MCL-17 သင်္ဘောဖြင့် (၂၉-၁၀-၂၀၂၂)ရက်နေ့မှ  (၁-၁၁-၂၀၂၂) ရက်နေ့အထိ တန်ချိန် (၂၆၅၀) ပထမအကြိမ် ပြည်ပသို့တင်ပို့ခဲ့ပြီး MV MCL-21 သင်္ဘောဖြင့်  (၂-၁၁-၂၀၂၂)ရက်နေ့မှ (၆-၁၁-၂၀၂၂)ရက်နေ့အထိ တန်ချိန် (၂၆၁၅)တင်ပို့ခဲ့ပါသည်။ MV MCL-12 သင်္ဘောဖြင့် (၉-၁၁-၂၀၂၂)ရက်နေ့မှ (၁၂-၁၁-၂၀၂၂)ရက်နေ့အထိ တန်ချိန် (၂၆၅၀) တတိယအကြိမ် သင်္ဘောဖြင့်တင်ပို့ခဲ့ပြီး၊ စတုတ္ထအကြိမ် MV MCL-18 သင်္ဘောဖြင့် (၁၇-၁၁-၂၀၂၂)ရက်နေ့မှစတင်၍ သင်္ဘောဖြင့်ဆန်တင်ခဲ့ရာ ယခု (၁၉-၁၁-၂၀၂၂)ရက်နေ့ နေ့လည်အထိ အိတ်ရေ (၂၁၅၁၇) တန်ချိန် (၁၀၇၅.၈၅)တန် သင်္ဘောတင်ပြီးကြောင်း သိရသည်။

DOCA(ဧရာဝတီ)