အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ Talk Show ဟောပြောပွဲကျင်းပ

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၂၄.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ သိရှိစေရန်အတွက် Talk Show ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အမိန့်ကြော်ငြာ စာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားကြောင်း အွန်လိုင်းမှ ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ဆိုင်ရာအမိန့်ကို အမိန်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ဖြင့်လည်းကောင်း ထုတ်ပြန်ထားရှိကြောင်း၊ မှတ်ပုံတင်ရာတွင် www.ecomreg.gov.mm ၌ ဝင်ရောက်မှတ်ပုံတင်၍ရရှိကြောင်း၊ မှတ်ပုံတင်သက်တမ်းမှာ (၂)နှစ်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင် ရရှိတော့မည့်သူများအား မှတ်ပုံတင်လက်မှတ်ထုတ်မပေးခင် ဦးစွာမြေပြင်ကွင်းဆင်းစစ်ဆေးရကြောင်း၊ လုပ်ငန်းရှင်မှ မှတ်ပုံတင်ထားစဉ်က ကုန်စည်(သို့)ဝန်ဆောင်မှုများ မှန်ကန်မှုရှိ/ မရှိအစရှိသည့် အချက်(၁၈)ချက်အား ကွင်းဆင်းစစ်ဆေးပြီး ပြည့်စုံမှန်ကန်မှုရှိလျှင် မှတ်ပုံတင်လက်မှတ်ရရှိမည်ဖြစ်ကြောင်း ရှင်းလင်း၍ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ စီစဉ်တင်ဆက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)