“ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီ/ လက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီ/ လက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အကောက်ခွန်စာရေး ဦးသန့်ဇင်ဝင်း၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေးဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ဈေးဆိုင် ရပ်ကွက်အတွင်း ရောင်းချသော ဦးဟိန်းသော်ဇင်ဦး( လက်လီ/လက်ကားအရောင်းဆိုင်)၊ ဦးခင်မောင်အေး (လက်လီအရောင်းဆိုင်)၊ ကံကြီးမှ ဒေါ်မော်မော်(လက်လီအရောင်းဆိုင်)၊ မကျီးရပ်ကွက်မှ ဦးကျော်လွင်(လက်လီအရောင်းဆိုင်)၊ ဦးရဲဝင်း(လက်လီအရောင်းဆိုင်)၊ မြို့မ ရပ်ကွက်မှ ဦးဟိန်းမင်းလတ်(လက်လီအရောင်းဆိုင်)၊ ဦးကျော်သူရအောင် (လက်လီအရောင်းဆိုင်)၊ ဒေါ်မြသီတာကျော်(လက်လီအရောင်းဆိုင်)များနှင့် မြို့မဈေးအတွင်းရောင်းချသော ဒေါ်လဲ့လဲ့သင်း(လက်လီအရောင်းဆိုင်)၊ ဒေါ်မျိုးသူဇာထွန်း(လက်လီအရောင်းဆိုင်)၊ ဦးစန်းဌေး(လက်လီအရောင်းဆိုင်)၊ ဦးမြင့်မင်းသူ(လက်လီအရောင်းဆိုင်)များသို့ စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီ၊ ခွဲတမ်းရရှိသည့်ပိဿာ, ပေပါ၊ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက်ပိဿာ, ပေပါ၊ ရောင်းချသည့်လက်လီ/လက်ကားဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျက်ရှိသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရသည်။

         ထို့နောက်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်စားအုန်းဆီ ရည်ညွှန်းဈေးများကိုသတ်မှတ်ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအပေါ် (၂%)အမြတ်နှင့် တင့်သင့်သောသယ်ယူခနှင့် လုပ်အားခများထည့်သွင်း တွက်ချက်၍ ရောင်းချကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် ရောင်းချလက်လီ/ လက်ကား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)