
စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စန္ဒာမွန် ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ ( ၁၇.၁၂.၂၀၂၅ ) ရက်နေ့တွင် အောင်မင်္ဂလာရပ်ကွက်အတွင်းတည်ရှိသည့် အောင်ရတနာ အမှတ်တံဆိပ်ဖြင့် ရောင်းချလျက်ရှိသည့် နှစ်ပြန်ကြော်အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အောင်ရတနာ အမှတ်တံဆိပ် နှစ်ပြန်ကြော် ထုပ် ( ၁၀ ) ကျပ်သား၊ ( ၂၅ ) ကျပ်သားနှင့် ( ၁ ) ပိဿာ ထုပ်များပေါ်တွင် “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိပြီး နှစ်ပြန်ကြော်ထုပ်များတွင် ဖော်ပြထားသည့် အသားတင် အလေးချိန်အားပြည့်မှီစွာ ချိန်တွယ်ရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ( ၁၀ ) ပါ “ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
