စစ်ကိုင်းတိုင်းဒေသကြီး  စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်တွေ့ဆုံပညာပေးခြင်းဆောင်ရွက်

Powered by Drupal

      စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် (၁၀.၁.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် တိုင်း‌‌ဒေသကြီးဦးစီးမှူးသည် မုံရွာမြို့၊ ရွာတုံကျေးရွာမှ “ငွေဇင်”မုန့်လုပ်ငန်းရှင်နှင့် “‌အောင်ချမ်းငြိမ်း” မုန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        စားသုံးသူကာကွယ်‌ရေး ဥပဒေပါအခန်း(၁၀)အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများအားရောင်းချရန်၊ ပေါင်မုန့်အဆို၊ ကိတ်မုန့်များရောင်းချရာတွင်လည်း မှိုတက်ပစ္စည်းမဖြစ်စေရေး ကုန်ပစ္စည်းများအား သန့်ရှင်းသတ်ရပ်စွာထားရှိရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမှသာရောင်းချစေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အရကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း  အသိပညာပေးဆွေးနွေး ပြောကြားပြီး ပညာပေးလက်ကမ်း စာစောင်ကိုပေး၍ ကျန်းမာရေးရှုထောင့် စားသုံးသူရှုထောင့်အရ အထောက်အထားအချက်အလက်များ ပြည့်စုံစွာဖြင့် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)