ဇီးကုန်းမြို့နယ်၌ အလှကုန်ဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၄.၁.၂၀၂၆) ရက်နေ့တွင် ဇီးကုန်းမြို့နယ် မြို့မှဈေးအတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသည့်ဆိုင်များအား စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ၁၀ ဂရမ် အောက် အလှကုန်ပစ္စည်းများကို အလေးချိန်မှန်ကန်မှုနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA( ပဲခူး)