“ကျောက်ဆည်ခရိုင်ရှိ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ချီသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် စားအုန်းဆီလက်လီ/လက်ကား ဖြန့်ချီသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ‌ဦးမောင်ထူး (ခရိုင်ဦးစီးမှူး)မှ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် မှန်(၆)မှန်အတိုင်း ရောင်းချရန်၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့်ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း၊ ဆီအသင်းဥက္ကဋ္ဌ ဦးအောင်လွင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် အတွင်းရေးမှူး ဦးအေးမင်းစိုးတို့က ဆီရောင်းချသောဆိုင်များအနေဖြင့် ဆီအလေးချိန်ပြည့်ဝအောင် စနစ်တကျရောင်းချရန်နှင့် ဆီအသင်းဝင်ချင်သူများရှိပါက အမည်စာရင်းပေးကျရန် ပြောကြားခဲ့ကြောင်း၊ ၎င်းတွေ့ဆုံဆွေးနွေးပွဲသို့ ဆီလုပ်ငန်းရှင်(၅၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)