ဒေးဒရဲမြို့နယ်တွင်စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်း ရောင်းချခြင်း ရှိ/ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး 

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးမြသိန်းမောင် ဦးဆောင်၍ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် တာဝန်ရှိသူများသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်းရောင်းချခြင်းရှိ/ မရှိကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဒေးဒရဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်အတွင်းတွင် စားအုန်းဆီဖြန့်ဖြူး‌ ရောင်းချပေးလျက်ရှိသော ဆီကိုယ်စားလှယ်တို့နှင့် တွေ့ဆုံ၍ စားအုန်းဆီရရှိမှု၊ ခွဲဝေဖြန့်ဖြူးရောင်းချမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စားအုန်ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးရောင်းချနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ရာစားအုန်းဆီ တစ်ပိဿာ(၆၇၃၆)ကျပ်၊ Lotusအမှတ်တံဆိပ်ပါစားအုန်း‌မြေပဲရောနှောဆီ တစ်ပိဿာ လျှင်(၁၀၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်းနှင့် ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)