
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်အေးအေးသင်း၊ ထုတ်လုံတာဝန်ခံ ဒေါ်အေးအေးမွန်နှင့် ဝန်ထမ်းများ(၂)ဦးတို့သည် နတ်တလင်းမြို့၊ တာပွန်လမ်းအတွင်းရှိ ထိပ်တန်းတော်ဝင်စတိုးသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စည်ရောင်းချသူ၊ ဝန်ဆောင်မှုပေးအပ်သူ၏ အချက်အလက် အမည်၊ အမျိုးအစား၊ ကုန်စည်အရွယ်အစား၊ အသားတင်ပမာဏ၊ ထုတ်လုပ်သည့် နိုင်ငံ၊ တင်သွင်းသူ၏ အမည်လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
