
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၃) ရက်က ကဝမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကား ရောင်းချနေသောဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုများကို သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ မှန်ကန်မှု ရှိ၊ မရှိ ကြည့်ရူစစ်ဆေးသည်။
ထိုသို့ ကြည်ရူစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှု ဦးစိုးမိုး၊ တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမိုးသက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှု ရှိ/ မရှိ မြို့ပေါ်ရပ်ကွက်များရှိ လက်လီ/ လက်ကား ကိုယ်စားလှယ်အရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
