ဖြူးမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ချက်အရ (၂၇.၁.၂၀၂၆) ရက်နေ့ နံနက်ပိုင်းက ဖြူးစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးများ ပါဝင်မှုရှိ/ မရှိနှင့် ရက်လွန်/ မလွန်တို့ကိုလည်းကာင်း၊ ဆေးဆိုင်များ၌ ရောင်းချလျက်ရှိသော ဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ပါဝင်မှုရှိ/ မရှိကိုလည်းကောင်း စောင့်ကြည့်စစ်ဆေးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အစားအသောက်များနှင့် အလှကုန်ပစ္စည်းများကို နမူနာကောက်ယူခဲ့ကြောင်း သိရသည်။

         ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြရန် အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)