
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show ကို၂၀၂၆ခုနှစ် ၊ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်တာဝန်ခံ ဦးစန်းအောင်၊ ဒု-ဦးစီးမှူးကစားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူဆုံးရှုံးနစ်နာမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်အလက်များအား ဆွေးနွေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးနေကြောင်း ဆွေးနွေးခဲ့ပြီး (၁၃း၃၀) နာရီ အချိန်တွင် ဆွေးနွေးပွဲပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
