“စဉ့်ကိုင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

Powered by Drupal

          ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်: လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ(၂၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ်(ဒု-ခရိုင်ဦးစီးမှူး) ကတက်ရောက်လာသည့် ကျေးရွာသူ / ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ်စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာ ဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ/ ကျေးရွာသားများအား  စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)