ရေကြည်မြို့နယ်တွင် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အရေအတွက်အတိုင်းရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများသက်သာဈေးနှုန်းဖြင့် စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ ဈေးနှုန်းကြီးမြင့်မှု့မရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု့ရှိစေရေးအတွက် မြို့နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များမှ (၁၈.၂.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ရေကြည်မြို့နယ်တွင် ရပ်ကွက် (၁၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇) အုပ်စုရှိ၍ အိမ်ထောင်စုများအား လက်ကားကိုယ်စလှယ် (၃) ဦး၊ လက်လီအရောင်းဆိုင် (၉၃) ဆိုင်မှ သတ်မှတ်ရည်ညွှန်းဈေး အတိုင်း (၂) ရာနှုန်းထက် အမြတ်မပိုသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများအား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)