ဆေးဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၏လမ်းညွှန်မှု၊ မအူပင်ခရိုင်ဦးစီးမှူး ရုံးလက်အောက်ရှိ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ  ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ဆေးနှင့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန်၊ ဆေးဈေးနှုန်းများတည်ငြိမ်စွာ ရောင်းချစေရန်အတွက် ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ပန်းတနော်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်အတွင်းဆေးဈေးကွက်တွင် သက်တမ်းလွန်နှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး၊ ဆေးဈေးနှုန်းတည်ငြိမ်စေရေး တရားမဝင်ကုန်စည်များ ဈေးကွက်ဖြန့်ချီမှု မရှိစေရေးအတွက် စစ်ဆေးခဲ့ပြီး ပန်းတနော်မြို့နယ်ဆေးဆိုင်များမှာ သတ်မှတ်ချက်များနှင့် အညီ လိုက်နာရောင်းချနေကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့် အညီပြည့်စုံစွာ ဖော်ပြထားရှိသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)