ညောင်တုန်းမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်၍ လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊  မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စီးမှူးရုံး၌ ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်ရရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ချက်နှင့် စပ်လျဉ်း၍  ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် အသိပညာပေးဆွေးနွေးခြင်းတို့  ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်က  လုပ်ငန်းရှင်များအား မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ပါ ဖော်ပြရမည့် အချက်အလက်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပြည့်စုံစွာ ဖော်ပြထားရှိရန် လိုအပ်ကြောင်းအသေးစိတ်ရှင်းလင်းခြင်း၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များက မိမိကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဒ်မခွဲ(ခ)နှင့် (ဆ) သည် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်  ဈေးကွက်တွင် ပြည့်စုံစွာဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိပါက စိစစ်ခွင့်ပြုချက်များအား ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)