ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည်၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် မအူပင်မြို့နယ်အတွင်းရှိ ဖုန်းနှင့် ဆက်စပ်ပစ္စည်း လျှပ်စစ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်များနှင့် ခရိုင်ဦးစီးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

       ခရိုင်ဦးစီးမှူးမှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော ကုန်စည်များတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျှက်ရှိစေဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန် ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင် ၁၅ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)