
MyRo တွင်မှတ်ပုံတင်ထားသော သိုလှောင်ရုံများကို လစဉ်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို မှန်ကန်စွာထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအတိုင်း သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်နှင့်အညီ အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် မြို့နယ်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ သိုလှောင်ရုံများမှကုန်ရ ကုန်ထုတ်၊ လက်ကျန်အခြေအနေများကို စာရင်းရေးသွင်းခြင်းလုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရန်ကို သိုလှောင်ရုံ လုပ်ငန်းရှင် ၇ဦးအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဓနုဖြုမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် သိုလှောင်ရုံအသစ် လျှောက်ထားသူ လုပ်ငန်းရှင်များကိုလည်း မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး အသိပေးဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံ လျှောက်ထားရန် သတ်မှတ်အချက်များ၊ ထောက်ခံချက်များ MyRo သို့ဝင်ရောက်၍ မိမိတို့ကိုယ်တိုင် ဖုန်းနံပါတ်ဖြင့် လျှောက်ထားနိုင်ကြောင်း၊ သိုလှောင်ရုံသတ်တမ်း ၁နှစ်ပြည့်မီသူများကလည်း သက်တမ်းတိုးခြင်းလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန်ကို အသိပညာပေးပြီး မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် MyRo Software အသုံးပြုခြင်း သင်တန်းကို မတ်လအတွင်း ဖွင့်လှစ်မည်ဖြစ်သဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ MyRo တွင် မှတ်ပုံတင်ထားသော ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ တက်ရောက်နိုင်ရေး MyRo ဝက်ဆိုဒ်သို့ဝင်ရောက်၍ လစဉ်ကုန်ရ၊ ကုန်၊ ကုန်လက်ကျန်များ ဖြည့်သွင်းရာတွင် လုပ်ငန်းရှင်များ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန် အသိပေးပြောကြား ဖိတ်ကြားခဲ့ပြီး ဆန်စပါးသိုလှောင်ရာတွင် ညွှန်ကြားချက်များကိုလည်း လိုက်နာကြပါရန်နှင့် ဆန်စပါး မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့် ညွှန်ကြား ချက်များကို သိရှိစေရန် ရှင်းလင်းတင်ပြဆွေးနွေးပြီး လစဉ်/ လတိုင်း၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ ဖြည့်သွင်းရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
