
မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးသည် (၂၁.၁.၂၀၂၆)ရက်နေ့ (၁၀:၄၅)နာရီအချိန်တွင် မအူပင်မြို့နယ်ရှိ ရတနာလင်း လူသုံးကုန်၊ အလှကုန်နှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ရောင်းချသည့်လုပ်ငန်းအား မြေပြင်အချက်အလက် မှန်ကန်မှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးမှူး အွန်လိုင်းရောင်းချမှုလုပ်ငန်း eComReg Systrm တွင် တင်ပြ လျှောက်ထားစဉ်က ဖော်ပြထားသော မြေပြင်အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ မှတ်ပုံတင်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ လုပ်ငန်း၏ Logo၊ မှတ်ပုံတင်လက်မှတ် လျှေက်ထားသူ၏ ထောက်ခံချက်၊ တားမြစ်ထားသော ကုန်စည် (သို့မဟုတ်) ဥပဒေ တစ်ရပ်ရပ်ဖြင့် ငြိစွန်းခြင်းရှိ/ မရှိ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ ရောင်းချသောကုန်စည်များ မှန်ကန်မှုရှိမရှိကို စစ်ဆေးရေးအရာရှိ စစ်ဆေးဆောင်ရွက်ရမည့် အချက်အလက်များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ယင်း လက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြားသောလျောက်ထားရန် ကျန်ရှိသူများကို လက်ဆင့်ကမ်း ပြောကြားသွားနိုင်ရန်မှာကြား၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
