
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ်၊ ဖေဖော် ဝါရီလ(၂၀)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်ဆန်စပါး၊ ပဲ၊ နှမ်း ကုန်သည်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ဒေသတွင်း ဆန်၊ စပါး၊ ပဲ ထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်၊ အလေးချိန် မှန်ကန်ရေးတို့ကို အဓိကထား အရောင်းအဝယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဇလွန်မြို့နယ်အတွင်း မတ်ပဲအသစ်များ စတင်ထွက်ရှိလာသောကြောင့် ဈေးကွက်အတွင်း ပုံမှန်ဈေးဖြင့် ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဇလွန်မြို့နယ်အနေဖြင့် မိုးစပါးများ လက်ကျန်နည်းပါးနေပြီး နွေစပါးများ ဝယ်ယူကြိတ်ခွဲကာ ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်ဆန် ဈေးနှုန်းပေါ်မူတည်၍ တင်ပို့ရောင်းချလျက်ရှိပါသည်။ ဒေသထွက် ဆန်များဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး အဓိကဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်စပါးကုန်သည် အသင်းတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဈေးကွက်ခိုင်မာမှု၊ တောင်သူနှင့် ကုန်သည်များအကြား ဆန်စပါး ဈေနှုန်းသင့်တင့်မျှတမှုရှိမှသာ အဆင်ပြေမှာဖြစ်ကြောင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
