
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံသည်(၂၅-၂-၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင်ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေးဒရဲမြို့ အမှတ်(၂) ရပ်ကွက်ရှိဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံ ဆွေးနွေးရာတွင်မြို့နယ်တာ၀န်ခံက လက်ရှိစပါးထွက်ရှိမှုအပေါ် ဝယ်ယူနေမှုဈေးနှုန်း အခြေအနေများ၊ လက်ရှိ စပါးဈေးနှုန်းအခြေအနေများ၊ ဆန်စက်တွင်အသုံးပြုသော စပါးအခြောက်ခံစက်အခြေအနေများကို မေးမြန်းဆွေးနွေးခြင်း၊ မြို့နယ်ဆန်စပါး ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် အသင်းအဖွဲ့များ ရှင်သန်နိုင်ရေး စုပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဒေသတွင် ဈေးနှုန်းဈေးကွက်အခြေအနေများကို အသင်းအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ပြီး မြေပြင်အခြေအနေမှန်များကို သုံးသပ်၍ စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ Gasifier လည်ပတ်မှု နည်းစနစ်မှန်ကန်စေရေး၊ ဆန်စက်မှ ရထုတ်ကျန် စပါး/ ဆန်စာရင်းများကိုလည်း စာရင်းပြုစုထားရှိရန်၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည့်အခါ အဆင်ပြေလွယ်ကူစွာ တင်ပြဆွေးနွေးနိုင်ကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း ဒေးဒရဲမြို့နယ်မှဆန်စက်လုပ်ငန်းရှင်၈ဦးတက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
