ဘိုကလေးမြို့နယ်ရှိ ရောင်းချနေသော စားသုံးဆီ ဘူးဆီများအား  ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ဘိုကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဘူးဆီများ အားကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသောကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းနှင့်အတူ ပူးပေါင်း၍ ၂၀၂၆ခု နှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နံနက် (၁၁ :၀၀) နာရီအချိန်တွင် မြို့မ (၅) ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များတွင် Lotus , Duck (ဘဲကလေး) ၊ အမှတ်တံဆိပ်ပါ ဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုထက်ပို၍ တွဲလျှက်ရေးသားဖော်ပြထားခြင်း  ရှိ/မရှိနှင့် ကုန်စည်၏အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှု၊ အညွှန်း/ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကျန်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ ပါဝင်ပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုအမျိုးအစား စသည့် ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ ပြည့်စုံမှု ရှိ / မရှိကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)