
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ မြို့မဈေးရှိ စားသုံးဆီ (ဘူးသွင်း)ဆီအမျိုးမျိုး ရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ဈေးကွက်အတွင်းရောင်းချနေသော ဇမ္ဗူအေးမြေပဲဆီ၊ Meizan နေကြာဆီ၊ Lotus ဟင်းသီးဟင်းရွက်ဆီ၊ အမေထွားပဲဆီ၊ Duck ဟင်းသီးဟင်းရွက်ဆီ အစရှိသော ဘူးသွင်းဆီဘူးများတွင် FDA ထောက်ခံချက်၊ ထားသိုသိမ်းဆည်းပုံ၊ ပါဝင်ပစ္စည်းဖော်ပြထားရှိမှု၊ မြန်မာဘာသာဖြင့်ဖော်ပြထားရှိမှု၊ သက်တမ်းလွန်ကုန်ဆုံးရက်၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ညွှန်ကြားချက်နှင့်အညီဖော်ပြထားပြီးကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော စားသုံးဆီ(ဘူးသွင်း)ဆီများကိုသာရောင်းချကြရန် အသိပညာပေး ဆွေးနွေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
