
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အောင်သုခဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ အောင်သုခဆန်စက် လုပ်ငန်းရှင် ဦးခင်ဝင်းနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေး ပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ရောင်းချကြောင်းနှင့် ဆန်အရောင်းအဝယ်ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ်သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ MyRo သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
