
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ၂ရက်နေ့ ဧပြီလ ၂၀၂၆ခုနှစ် နံနက် (၁၀း၀၀) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသည့်အခါ ကုန်အညွှန်းအမှတ်အသားများ၏ အရေးပါပုံများကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ဦးခိုင်လွမ်းမိုးက စားသုံးသူပြည်သူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသည့်အခါ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများ၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ရရန်အထူးလိုအပ်ကြောင်း၊ မိမိတို့ဝယ်ယူသုံးစွဲသည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်၍ သိသင့်သော သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံသိရှိမှ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ လိုက်နာရန် ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေး ဥပဒေများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ အခက်အခဲများရှိပါက စားသုံးသူရေးရာ ဦးစီးဌာန၏ ခရိုင်ဦးစီးမှူးရုံးများ၊ မြို့နယ်တာဝန်ခံများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
