ဒေးဒရဲမြို့၌ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲအား (၂-၄-၂၀၂၆)ရက်နေ့၊ ည‌‌နေ(၁၅:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ၀န်ခံရုံးတွင် ကျင်းပပြုလုပ်သည်။
          ဆွေးနွေးပွဲတွင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံက ဆီလက်ကားကိုယ်စားလှယ်များ၊ ဆီထုတ်ကိုယ်စားလှယ်များအား ဒေးဒရဲမြို့ဆီခွဲတန်းရရှိမှုအပေါ် သတ်မှတ်ရက်အတွင်း အချိန်နှင့် တပြေးညီ ဆီထုတ်ယူပေးနိုင်ရန်၊ ဆီလက်ကားကိုယ်စားလှယ်များမှလည်း ရရှိသောဆီများကို စနစ်တကျရောင်းချသွားရန်၊ သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီများအား လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများအား သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထု လက်ဝယ်အရောက် ရောင်းချသွားရန်လိုအပ်ကြောင်း၊ မလိုလားအပ်သောနေရာများသို့ မရောင်းချမိစေရန်လိုအပ်ကြောင်း၊ ကျေးရွာများသို့ ဆီအရောင်းကိုယ်စားလှယ်များမှ ရောင်းချရက်အတွင်း သတ်မှတ်ချက်နှင့် အညီရောင်းချပေးနိုင်ရန် အပတ်စဉ်ထုတ်ယူရောက်ရှိလာသည့် စားအုန်းဆီများ၏ ရောင်းလိုအား၊ ဝယ်လိုအားအခြေအနေများညီမျှရန်၊ စားသုံးသူပြည်သူများ သက်သာစွာဝယ်ယူနိုင်ရန် အဓိကထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။
   အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဒေးဒရဲမြို့နယ်ရှိ ဆီလက်ကားကိုယ်စားလှယ်များနှင့် လက်လီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)