ကျိုက်လတ်မြို့၊ လှည်းဆိပ်ကျေးရွာရှိ“ မိသားစု” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ MSME ဖွံဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာရှိ ဦးအေးမောင် ပိုင်ဆိုင်သော “မိသားစု” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၆.၄.၂၀၂၆) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်မရောက်မီကုန်စည်များကို ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါ  ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့၊ လှည်းဆိပ်ကျေးရွာရှိ“ မိသားစု” မုန့်ဟင်းခါးဖို လုပ်ငန်းတွင် စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် စနစ်တကျစွန့်ပစ်စေရေး၊ လုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊  မိမိတို့ထုတ်လုပ်သော ကုန်စည်တွင် စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)