
စားအုန်းဆီ (အိမ်ရှင်မဆီ) ပါတ်သက်၍ စျေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ အလေးချိန်မှန်ကန်ပြည့်ဝစွာ ရောင်းချနိုင်ရေး စျေးနှုန်းကြီးမြင့်နေခြင်းမရှိစေရေးတို့နှင့် ပါတ်သက်၍ လုပ်ငန်းရှင်တွေ့ဆုံပွဲ အစည်းအဝေးကို ပန်းတနော်မြို့နယ် ဆီအသင်းအဖွဲ့များ လက်ကားကိုယ်စားလှယ်များနှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက zoome meeting ဖြင့် တွေ့ဆုံးဆွေးနွေး ရှင်းလင်းဆောင်ရွက်ခြင်းကို မတ်လ ၃၀ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံရှင်းလင်းရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပန်းတနော်မြို့နယ် ဆီအသင်းအဖွဲ့များ လက်ကားကိုယ်စားလှယ်များအား ဌာန၏ ဆီရောင်းချဖြန့်ဖြူးမှုနှင့် စပ်လျဉ်း၍ အမိန်၊ ညွှန်ကြားချက်များကို ရှင်းလင်းခြင်း၊ အခြေခံလက်ကားရည်ညွှန်းဈေး: စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ကမ္ဘာ့စားအုန်းဆီဈေးနှုန်း အတက်အကျအပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်းဈေးကို အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန်ပေးလျက်ရှိပြီး၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်တဲ့ ဈေးနှုန်းထက် အချို့သောမြို့နယ်များမှာ မြှင့်တင်ရောင်းချခြင်း ကြားသိရပြီး၊ ခွဲတမ်းရရှိထားသော ဆီများကို ပြည်သူများထံ အပြည့်အဝမရောင်းချခြင်း သို့မဟုတ် သတ်မှတ်ဈေးထက် ပိုမိုတင်ရောင်းခြင်းများ မရှိစေရန် ကြပ်မတ်ဆောင်ရွက်နေပြီး လက်ကားကိုယ်စားလှယ်များမှ ရောင်းချရာတွင် အခြင်အတွယ်မှန်ကန်စွာ ရောင်းချစေရေးနှင့် မသမာသော နည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများကို စစ်ဆေးဖော်ထုတ်သွား မည်ဖြစ်ကြောင်း ကိုရှင်းလင်းခြင်း၊ စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် နည်းလမ်းများဖြင့် ဖြန့်ဖြူးခြင်းများပြုလုပ်ပါက "အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ" အရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များဘက်မှ သတ်မှတ်စည်ကမ်းများအတိုင်း လိုက်နာရောင်းချသွားရန်၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသအလိုက် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ဝဘ်ဆိုက် တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးပြောကြားထားပြီး သတ်မှတ်ဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် မသမာမှုများကို တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းကို အသိပညာပေးဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ၎င်း အစည်းအဝေးသို့ လုပ်ငန်းရှင် (7)ဦးတက်ရောက်ခဲ့ပြီး လိုအပ်ချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
