
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြုစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဧပြီလ(၂၃)ရက်နေ့တွင် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ အွန်လိုင်းရောင်းဝယ်မှု ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် မြစ်သားမြို့၊ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊မြစ်သားမြို့နယ်မြို့နယ် တာဝန်ခံ ဒေါ်မော်မော်အောင်က အွန်လိုင်းရောင်းဝယ်မှုအသိပညာပေးဆွေးနွေးရာတွင် စားသုံးသူပြည်သူများအနေဖြင့် မိမိဝယ်ယူ သုံးစွဲမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုသည့် တိကျမှန်ကန်သောသတင်းအချက်များဖော်ပြ ထားခြင်းရှိ/မရှိစစ်ဆေးရန်၊ Page သို့မဟုတ် Website တွင်ဖော်ပြထားသည့် ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများမှန်ကန်မှုရှိ/မရှိ ၊သတ်မှတ်ထားသောငွေပေးချေမှုစနစ်ရှိ/မရှိ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သောနည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့် အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
